4/29/2008

သီချင်း

သူငယ်ချင်းတစ်ယောက် mp3 ထဲက ရခဲ့တဲ့ သီချင်းလေးပါ။
ဆိုတဲ့သူကတော့ Antibiotic အဖွဲ့ဖြစ်ပါတယ်။
စာသား ခပ်ဆန်းဆန်းရေးထားတဲ့သီချင်းလေးပါ။
ဒီသီချင်းထဲကလိုမျိုး အပြင်မှာရှိမလားဆိုတာတော့……….
သီချင်းနာမည်က မျက်နှာ ပါ။


မျက်နှာ


V1. စွဲဆောင်မှုကောင်းတဲ့မင်းမျက်နှာ ငါ့နှလုံးသားအတွက်ပြဿနာ
ငါ့မှာရည်းစားရှိပြီးသားပါ ဒါပေမယ့် ငါ့ရဲ့စိတ်ကနာ
ငါ့ရဲ့ရည်းစားနဲ့လမ်းလျှောက်ခါ ပခုံးလေးဖက်လို့အလာ
မင်းကို…….ငါမတွေ့ချင်ရောင်ဆောင်ခဲ့တယ်။
V2. ကျောင်းမှာမင်းဟာအချောဆုံးပါ ယောကျာ်းလေးတို့အကြိုက်ပါ
မင်းနဲ့တွေ့တဲ့အခိုက်အတန့်မှာ ငါဒူးထောက်မိမတတ်ပါ
အဲဒီအကြောင်းတွေမင်းသိတယ် မျက်လုံးကပြောပြတယ်
မင်းကို……ငါမချစ်ချင်ရောင်ဆောင်ခဲ့တယ်။
Bridge…ငါ မင်းလက်ကိုလှမ်းယူခဲ့ အိမ်မက်ထဲမှာ
ငါ မင်းနဲ့အတူ လျှောက်လည်ခဲ့စိတ်ကူးထဲမှာ
အာရုဏ်များမှာ မင်းအမြဲပါ မရှိပေမယ့်ရှိတဲ့ပမာ
ဘာကြောင့်များမင်းရဲ့ငါ မဟုတ်ပေမယ့်ဟုတ်တဲ့ပမာ
CHO ….ငါ့ရင်ထဲမှာ ဘာတွေဖြစ်နေလည်း သိချင်ရင်……..
(ငါ့မျက်နှာကိုကြည့်ပါ)၃ ……တွေ့မယ်။
V3. ကျောင်း Canteen ကို မင်းရောက်လာ မျက်လုံးကငါ့ဘက်မှာ
မင်းရင်ထဲမှာ ထိတ်ထိတ်ပျာ မင်းအကြောင်းမင်းသိပါ
မင်းမျက်လုံးတွေအမြဲပြောတယ် ဒါတွေကို ဖုံးဖိဖို့ခက်တယ်
ငါ့ကို……နင်မချစ်ချင်ရောင်ဆောင်ခဲ့တယ်။
(Bridge) + (CHO)
မပေါင်းဘူးပဲနဲ့ကွဲကြပြီ မာနက နှလုံးသားထက်ပိုတယ်…..
ချစ်တဲ့အကြောင်းတွေကို မျက်လုံးကတဆင့်ပြောမယ်……
မျက်လုံးထဲ…….ငါလေချစ်နေမယ်။
မယုံရင် (ငါ့မျက်နှာကိုကြည့်ပါ)၃ တွေ့မယ်။

4/27/2008

မကွေးမြို့

မကွေးမြို့သည် အတော့် ကိုပူလေသည်။နေသည် အငြိုးနှင့်ရွာလေသည်။
မြို့သူမြို့သားများမှာအသွားအလာမပျက်ရှိကြကုန်၏။
အခြားဒေသမှကျောင်းသားများအတွက်တော့မကွေးမြို့သည် ပူလွန်းသဖြင့်
မသွားနိုင်မလာနိုင်ပေ။ကျောင်းတက်ရန်ပင်အတော်ကြိုးစားယူရပေသည်။
ထိုကဲ့သို့မြို့ကို တက္ကသိုလ် ဖွင့်လှစ်ဖို့စိတ်ကူးရခဲ့သောကျေးဇူးရှင်များအား
လေးစားကြောင်းပါခင်ဗျား။

4/25/2008

ဒီ blog လေးဖြစ်လာတဲ့အတွက် သင်ဆရာ မြင်ဆရာများအားလုံးကိုလေးစားစွာကျေှးဇူးတင်ပါသည်။ဒီ blog သည်ပုံမလာသော page တစ်ခုသာဖြစ်ပါသည်။သင်ယူစရာအများအပြားရှိနေပါသေးသည်။သည်ခံပြီးဖတ်ကြပါ မတော်တဆ၀င်လာမိသူများ